Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ကံကြီးကုန်းကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုစစ်ဆေး


12 Jan,2024

တောင်တွင်းကြီး     ဇန်နဝါရီ      ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကံကြီးကုန်းကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေကို တာဝန်ရှိသူများက နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မ‌ကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး နှင့် တောင်တွင်းကြီးမြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများသည် တင်ဒါရကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ကံကြီးကုန်းကျေးရွာကုန်ထုတ်လမ်းအရှည် ၇ ဖာလုံ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် တစ်ပေ ၉ လက်မ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက်ရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၅၉ ဒသမ ၃၃၉ သန်းဖြင့် ကံကြီးကုန်းကုန်းကျေးရွာကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းကို Magway S Three ကုမ္ပဏီက တာဝန်ယူ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အဆိုပါကုန်ထုတ်လမ်းအား အားထားအသုံးပြုနေသော ကံကြီးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ယာစိုက်ပျိုးရေးဧက ၂၅၀ တွင် စိုက်ပျိုးထားသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်ပြီဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm