အထက်မင်းလှ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပရဆိုင်- ကောက်ကလိန် - ပနီဆုံလမ်း မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ပရဆိုင်- ကောက်ကလိန်-ပနီဆုံလမ်း မိုင် (၀/၀ မှ ၄/၀) (6.436km) အား မြေသားဘောင်ချဲ့၍(5.49m) အကျယ်(200mm) ထု မြေနီခင်းခြင်းလုပ်ငန်းကို မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စတင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိဖြိုးဝေဝင့်က လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိသည်။
မင်းလှမြို့နယ်၌ ပရဆိုင်-ကောက်ကလိန်-ပနီဆုံလမ်း မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်