Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


11 Jan,2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၁ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန် ရှိသူများသည်  တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး တိုင်းဒေသကြီးရုံးအစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲခေါင်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေး ဆွေးနွေးမှာကြားပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၌ ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ‌သော ဇဟာကျေးရွာသို့ရောက်ရှိပြီး ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊  ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံရာ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဇဟာကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)ဖြင့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်း အားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီထောက်ပံ့မှု လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက် စီးပွားမြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။  ရှင်းလင်းတင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းဆောင်ရွက်နေမှု၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေဖြင့် ဂန္ဓမာ ပန်းစိုက်ပျိုးခြင်းလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ကွန်ကရစ်ပစ္စည်း ထုတ်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ခေတ်မီစံပြကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့်  ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု တို့အား  ကြည့်ရှုစစ်ဆေးကာ ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသနေပြည်သူများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေး မှာကြားပါသည်။

အဆိုပါ ဇဟာခေတ်မီစံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ ကုန်ထုတ်လမ်း တစ်မိုင် ၀ ဒသမ ၃၃ ဖာလုံ ၊ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert ငါးစင်း၊ ကျေးရွာတွင်း ကွန်ကရစ်လမ်း တစ်လမ်း၊ အသက်‌မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီး အပ်ချုပ်စက်သင်တန်း နှစ်ကြိမ်၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း တစ်ခု ၊ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ပေးခြင်းစီမံကိန်း တစ်ခုတို့အား စုစုပေါင်းရန်ပုံငွေကျပ် ၂၆၀ ဒသမ ၄၂၉ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm