Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ်၌ ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


10 Jan,2024

စေတုတ္တရာ ဇန်နဝါရီ ၉

            မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စေတုတ္တရာမြို့နယ်၌ ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးယုလွင်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ကျေးရွာချင်းဆက် လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့် အတူ ငဖဲ-စေတုတ္တရာ မြို့နယ်ချင်းဆက်လမ်းမှ ကြီးဝကျေးရွာသို့ဆက်သွယ်သည့် ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ သတ်မှတ်အရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် လမ်းသိပ်သည်းမှု တိုင်းတာခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရန် မှာကြားသည်။

            ငဖဲ-စေတုတ္တရာမြို့နယ်ချင်းဆက်လမ်းမှ ကြီးဝကျေးရွာသို့ဆက်သွယ်သည့် လမ်းအရှည် နှစ်မိုင် လေးဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၉၅ ဒသမ ၅၄၄ သန်းဖြင့် U-42 Group ကုမ္ပဏီက ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၂ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

            အဆိုပါ လုပ်ငန်းများအားလုံးပြီးစီးပါက ကြီးဝကျေးရွာ၊ တယ်ဇားကျေးရွာ၊ တောင်ကုန်းကျေးရွာ၊ ပဲရင်းကိုင်းကျေးရွာ၊ အင်းကုန်းကျေးရွာတို့ရှိ အိမ်ခြေ ၃၀၇ အိမ်မှ လူ ၁၂၂၂ ဦးတို့ သွားလာရေးလွယ်ကူစေမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးယုလွင်က ပြောပြ၍ သိရသည်။

ကိုညို


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm