Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဆရာတော်အရှင်အဘယာလင်္ကာရ၏ ဩဝါဒခံယူပွဲ အခမ်းအနားကျင်းပ


09 Jan,2024

သန်လျင် ဇန်နဝါရီ 

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းသား၊ ကျောင်းသူများ ဓမ္မအသိအမြင်နှင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် လိမ္မာယဉ်ကျေးမှုရှိစေရန်နှင့် လူ့ဘောင်အဖွဲ့ အစည်းအတွင်း လူမှုဆက်ဆံရေးအရ လူအများနှင့် ဆက်ဆံနေထိုင်ရာတွင် ယဉ်ကျေးသော အပြုအမူများနှင့် ဘာသာတရား အဆုံးအမဆိုင်ရာ ဓလေ့ထုံးထမ်းများကို သိရှိပြီး လိုက်နာ ကျင့်သုံးတတ်စေရန် ရည်ရွယ်၍ လှည်းကူးမြို့၊ မဟာဝိဟာရကျောင်းတိုက် ဆရာတော် အရှင်အဘယာလင်္ကာရ၏ ဩဝါဒခံယူပွဲအခမ်းအနားကို ၉-၁-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ဩဝါဒခံယူပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ် တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဩဝါဒခံယူပွဲ တက်ရောက်လာကြသူများက ဆရာတော်အရှင်အဘယာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဩဝါဒတရားများ နာယူခဲ့ကြသည်။ ၎င်းနောက် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက ဆရာတော်အရှင်သူမြတ်အား တရားဓမ္မအသိအမြင်များနှင့် ဘာသာတရား အဆုံးအမဆိုင်ရာ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် စပ်လျဉ်း၍ မေးမြန်းလျှောက်ထားရာ ဆရာတော်မှပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် အလှူရှင်များက ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် လှူဖွယ်ဝတ္ထုစုစုပေါင်း တန်ဖိုးငွေ   (၃၃၃၀၇၃၆) ကျပ် ဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်က ရေစက်ချအနုမောဒနာတရား ချီးမြှင့်တော် မူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm