မိတ္ထီလာ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၁၄၀ ဒသမ ၆၃ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို (၇-၁-၂၀၂၄)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ ဂွေးကုန်းကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းအား သတ်မှတ်အတိုင်းအတာ သတ်မှတ်သိပ်သည်းမှု ရှိ မရှိ ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြား ပါသည်။
အဆိုပါ ဂွေးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် နှစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် နှစ်ပေ ကျောက်ရောမြေခင်းခြင်း၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတား Slab Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၄၀ ဒသမ ၆၃ သန်းဖြင့် အောက်တိုဘာလမှ စတုတ္ထအပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါ ဂွေးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာလေးရွာရှိ အိမ်ခြေ ၆၅၉ အိမ်၊ လူဦးရေ ၃၄၄၅ ဦး တို့၏ စိုက်ပျိုးမြေဧက ၁၂၀၀၀ ဧကကျော်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်