Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


27 Jun,2022

နေပြည်တော် ဇွန် ၂၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံအား ကြည့်ရှုစစ်ဆေးပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံသို့ ရောက်ရှိပြီး တိုင်းဦးစီးမှူးများ၊ အလုပ်ရုံမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် အလုပ်ရုံတာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်သင်း မှ အလုပ်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အလုပ်ရုံရှိ စက်ပစ္စည်း (၁၇) မျိုး၏ အသုံးပြု နိုင်သည့် အခြေအနေများ၊ ဖွင့်လှစ်ပို့ချပေးသည့် သင်တန်းများ၊ လာမည့်ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူ ဖြစ်စေမည်ဆိုသည့် မျှော်မှန်းချက်နဲ့အညီ မူဝါဒ (၃) ရပ်၊ လုပ်ငန်းစဉ် (၆) ရပ်ချမှတ်ပြီး အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်းနဲ့ ဓာတ်ခွဲ စမ်းသပ်ခြင်း စသည့်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ဒေသနဲ့ကိုက်ညီ ပြီး ကျေးလက်ဒေသနေ ပြည်သူများအတွက် အကျိုးရှိ ထိရောက်တဲ့ သင်တန်းများ ဖွင့်လှစ်ရန်နှင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ထုတ်လုပ်လာနိုင်သည်အထိ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါ ကြောင်း၊ စက်မှုလက်မှုအလုပ်ရုံ(ရန်ကုန်)အနေနဲ့ လုပ်ငန်းထူထောင်လိုသော်လည်း စက်ပစ္စည်း မဝယ်ယူနိုင်သည့် လုပ်ငန်းရှင်များကို ဌာနပိုင် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ လေ့ကျင့် သုံးစွဲခွင့်ရရှိပြီး လုပ်ငန်းသစ်ထူထောင်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သစ်သား ထည်၊ သံထည်၊ အလုပ်ရုံများကို ပြန်လည်ပြုပြင်ပြီးဖြစ်သည့်အတွက် ယခင်ကထက်ပိုပြီး စက်မှုလုပ်ငန်းကဏ္ဍ၊ လက်မှုအထည်ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က နည်းလမ်းပေါင်းစုံနဲ့ တွန်းအားပေး ဆောင်ရွက်နေချိန်မှာ ဦးစီးဌာနမှ ဝန်ထမ်းများအနေနဲ့ ဌာနရဲ့လုပ်ငန်းတာဝန်များကို မိမိတာဝန်ကျရာနေရာမှ စွမ်းစွမ်းတမံ ကြိုးစားထမ်းဆောင်ကြရန် ပြောကြားပြီး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်