ချောက် ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွင်ခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်ရည်ရွယ်၍ ပန်းဘဲကျေးရွာအုပ်စု၊ ပန်းဘဲ(တ)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ပန်းဘဲ(တ)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းဘဲကျေးရွာအုပ်စု၊ ပန်းဘဲ(တ)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၈ ဦး ငွေကျပ် ၁၃ ဒသမ ၃ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇ ဦး ငွေကျပ် ၂ ဒသမ ၄၅ သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ ၁၁ ဦး ငွေကျပ် ၃ ဒသမ ၈၅ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၅၆ ဦးအား ငွေကျပ် ၁၉ ဒသမ ၆ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်