ငပုတော ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျုံကူး-ရေကျော်- ရေတွင်းကုန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ယင်းသို့စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ အရည်အသွေးထိန်းသိမ်းရေးနှင့်စစ်ဆေးရေးအဖွဲ့မှ ဦးစီးအရာရှိ(မြို့ပြ) ဦးသန့်ဇင်၊ ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းတို့က ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လမ်းရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်