Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်


27 Jun,2022

နေပြည်တော်၊ ဇွန် ၂၇

 ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန်လ ၂၄ ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာနတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် နေပြည်တော်သမဝါယမဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်သမဝါယမအသင်း စုချုပ်ဥက္ကဋ္ဌနှင့်  နေပြည်တော်သမဝါယမဦးစီးဌာနဝန်ထမ်းများမှ ခရေ၊ ငုရွှေဝါ၊ ပန်းတမာနှင့် ပင်လယ်အုန်းစသည့် အပင်များကို ဦးစီးဌာနဝန်းအတွင်း/အပြင်၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm