Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် မင်းကန်ကျေးရွာ၌ မြစိမ်း ရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


09 Jan,2024

ချောက်    ဇန်နဝါရီ       ၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းဘဲကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာ၌ မြစိမ်းရောင်‌စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မင်းကန်ကျေးရွာ၌ မြစိမ်းရောင်​ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လစဉ်ပုံမှန်ဖြည့်သွင်းရမည့် စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းဘဲကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွင်ခဲ့ပြီး ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇ ဦး ငွေကျပ် ၇ ဒသမ ၉ သန်း၊ အရောင်းအ ဝယ်လုပ်ငန်းလုပ်ကိုင်သူ ၇ ဦး ငွေကျပ် ၃ ဒသမ ၂ သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ ၉၃ ဦး ငွေကျပ် ၃၆ ဒသမ ၅ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၁၁၇ ဦးအား ငွေကျပ် ၄၇ ဒသမ ၆ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm