Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)မှ ကျောင်းသား/ ကျောင်းသူများ သမဝါယမအသင်းများသို့ လက်တွေ့ကွင်းဆင်း


09 Jan,2024

တောင်ကြီး ဇန်နဝါရီ ၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)မှ ဒုတိယနှစ် သင်တန်းသား/ သင်တန်းသူ (၅၁)ဦးတို့သည် စာရင်းရေး၊ စာရင်းကိုင်သင်ခန်းစာများကို လက်တွေ့ကွင်းဆင်းဆောင်ရွက်သည့်အနေဖြင့် တောင်ကြီးခရိုင်ဂျီအီးစီဝန်ထမ်းပေါင်းစုံသမဝါယမအသင်း၊ အောင်မြတ်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်၊ ရွှေမြို့မအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း လီမိတက်၊ တောင်ကြီးမြို့နယ်သမဝါယမအသင်းစုနှင့် ချမ်းသာရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်များသို့ အဖွဲ့(၅)ဖွဲ့ခွဲ၍ ကထိကနှင့် ဆရာ/ဆရာမများ ဦးဆောင်ပြီး သမဝါယမအသင်း စာရင်းများအား လက်တွေ့စစ်ဆေးကြည့်ရှုခြင်း၊ လေ့လာမှတ်သားခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိ သူများက သမဝါယမအသင်းများ၏ စာရင်းဇယားများ၊ ရည်မှန်းချက်များ၊ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်