ကော့သောင်း ဇန်နဝါရီ ၈
တနင်္သာတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြတ်သစ္စာ ကျန်းမာရေးဝန်ဆောင်မှုသမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇန်နဝါရီ ၅ ရက်နေ့က မြို့နယ်သမဝါယမဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သဘာပတိ ဦးညီညီကျော်က အဖွင်အမှာစကားပြောကြားရာတွင် ကျန်းမာရေး ဝန်ဆောင်မှုအသင်း၏ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကော့သောင်းခရိုင်အတွင်း မြို့ပေါ်ဆေးခန်း နှင့် ကျေးရွာအရောက်ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး တစ်နှစ်အတွင်း လူနာဦးရေ (၅၀၀၀)ကျော်အား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောင်က အမှာစကား ပြောကြားခြင်းနှင့် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာများကို ဖတ်ကြားအတည် ပြုခဲ့ကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာဖတ်ကြားတင်သွင်း၍ အတည်ပြုချက် ရယူ ဆောင်ရွက်နိုင်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းအနေဖြင့် ၂၄.၁.၂၀၂၃ ရက်နေ့တွင် အသင်းဝင်အမှတ် ဆ-၈၅၀ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး အသင်းသား၊ အသင်းသူ (၁၅) ဦးတို့ဖြင့် ကော့သောင်းမြို့နယ်အတွင်း ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်