Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြင်းခြံမြို့နယ် ကူကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး


08 Jan,2024

မြင်းခြံ ဇန်နဝါရီလ ၈

မြင်းခြံခရိုင်ကွပ်ကဲမှုအောက်ရှိ မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခေါင်းကွဲကျေးရွာအုပ်စု၊ သင်္ဘောတင်ကျေးရွာကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနမှမြိုနယ်ဉီးစီးမှူး ဒေါ်သက်သက်နွယ်၊ အင်ဂျင်နီယာတာဝန်ခံ နှင့်စီမံကိန်းတာဝန်ခံ တို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အရှည်ပေ၇၀၀၊ အကျယ်၁၂ပေ၊ ၆လက်မထုရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှု့စစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မှီပြီးစီးရေး ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ဉီးစီးမှူး၊အင်ဂျင်နီယာတာဝန်ခံနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များ နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍အပြန်အလှန်  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။

ဆက်လက်၍ မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူးနှင့်စီမံကိန်း တာဝန်ခံတို့မှ ကွန်ကရစ်လမ်းခင်းနေမှုလုပ်ငန်းအားသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မှီပြီးစီးရေး  ပြောကြားပါသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြုငွေွကျပ်(၁၅.၀၀) ကျပ်သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ(လုပ်အား) (၆.၆၆)ကျပ်သန်း၊စုစုပေါင်းငွေကျပ်(၂၁.၆၆) ကျပ်သန်းဖြင့် မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး၊ မြို့နယ်ဉီးစီးမှူးနှင့်စီမံကိန်း တာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင်လုပ်ငန်း (၉၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက သင်္ဘောတင်ကျေးရွာတွင် အိမ်ခြေ (၆၃၂)အိမ်၊ လူဉီးရေ(၂၄၈၃)ဉီး တို့အတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm