Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ် ဘောက်ခွေးတော(မ)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး


08 Jan,2024

မလှိုင်  ဇန်နဝါရီလ  ၈

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဘောက်ခွေးတောကျေးရွာအုပ်စု၊ ​ဘောက်ခွေးတော(မ)ရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေ အရင်းပြန်လည်ထုတ်ချေးခြင်းအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ ဦးစီးအရာရှိ ဒေါ်အေးမိုးခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ ဘောက်ခွေးတောကျေးရွာအုပ်စု၊ ​ဘောက်ခွေးတော(မ)ရွာအား စိုက်ပျိုးရေး လုပ်ငန်းဖြင့် (၇၂)ဦး၊ ထုတ်ချေးငွေ(၂၆.၅)သန်း၊ မွေးမြူရေး(၂၄)ဦးဖြင့် (၁၂.၄)သန်း၊ စုစုပေါင်းဦးရေ(၉၆)အား (၃၈.၉)သန်း ထုတ်ချေးပေးထားမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm