Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊အရောင်အဝယ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


08 Jan,2024

ဝမ်းတွင်း  ဇန်နဝါရီလ  ၈ ရက်

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းကြီးကျေးရွာအုပ်စု၊ ကုန်ကြီးကျေးရွာ တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ရေရှည်တည်တံ့ စေရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်လျက်ရှိရာ နွားနန်းကျေးရွာတွင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍     ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၁၂)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅၆)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁)ဦး တို့အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ၃၄.၁သန်းကို ထုတ်ချေးပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကုန်းကြီးကျေးရွာတွင် စီမံကိန်း လုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းမှုပုံစံများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm