လေးမျက်နှာ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ စောပြာ-လှော်ကထားလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ် နေပြည်တော်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးဇော်မိုးဦးနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေးသည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်လင်းက စောပြာ-လှော်ကထားလမ်း လုပ်ငန်းဆောင်ရွက်နေမှု၊ လမ်းခင်းပစ္စည်းများ စုဆောင်းထားမှုနှင့် လမ်းလွှဲရအောင် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းများ စံချိန်စံညွှန်းပြည့်ဝရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်ရွှေ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်