လပွတ္တာ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လပွတ္တာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လပွတ္တာ-မြောင်းမြ ကားလမ်းမှ ဉာဏ်ကွင်း(ကံရွာ)သို့ ဆက်သွယ်သောလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းသည် အရှည် သုည/၄ ဒသမ ၁၁ မိုင်၊ အကျယ် ၁၄ ပေရှိပြီး ရန်ပုံငွေကျပ် ၁၂၃ ဒသမ ၀၇၆ သန်းဖြင့် လပွတ္တာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လမ်းဖြစ်ပြီး ကျေးရွာအုပ်စု လေးအုပ်စု၊ ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၁၅၇၀၊ လူဦးရေ ၆၂၁၁ ဦးအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါကျေးရွာများရှိ ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသထွက် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် အဆင်ပြေလွယ်ကူစေပြီး ရာသီမရွေးသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်