နတ်မောက် ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နတ်မောက်-ဝက်ချုပ်- ဝါးရုံကုန်း-ကျောက်ပုံ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် နတ်မောက်-ဝက်ချုပ်- ဝါးရုံကုန်း-ကျောက်ပုံ ကျေးရွာချင်းဆက်လမ်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော လမ်းပိုင်းများကို ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
နတ်မောက် - ဝက်ချုပ် - ဝါးရုံကုန်း- ကျောက်ပုံ ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် အကျယ် ၁၆ ပေ ကျောက်ချောလမ်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ဇွန်လမှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ သိရသည်။
ကျော်ဦး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်