ရေနံချောင်း ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ နဂါး-ဇီးဖြူကုန်း-တယ်ပင်အင်တိုင်း ကျေးရွာချင်းဆက်လမ်း မြေသားတာပေါင်တင်ခြင်းနှင့် မြေနီခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေနံချောင်းမြို့နယ် နဂါး-ဇီးဖြူကုန်း-တယ်ပင်အင်တိုင်း ကျေးရွာချင်းဆက်လမ်း မြေသားတာပေါင်တင်ခြင်းနှင့် မြေနီခင်းခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါ နဂါး-ဇီးဖြူကုန်း-တယ်ပင်အင်တိုင်းကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၆ ဖာလုံ၊ လမ်းအကျယ် ၁၈ ပေ မြေသားတာပေါင်တင်ခြင်းနှင့် အမြင့် ၈ လက်မဒု မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၆ဝ ဒသမ ၂၁၇၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် မင်းဒင်ကုမ္ပဏီက ဇွန်လ တတိယပတ်မှစ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်