ကျိုက်လတ် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပဆင-ဂွေးချောင်းကြီးကျေးရွာအဝင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေး အရာရှိချုပ် ဦးရဲခေါင်ထွန်း၊ ဖျာပုံခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
တာဝန်ယူတည်ဆောက်
အဆိုပါ ကွန်ကရစ်တံတား(ပေ ၅၀ x ပေ ၂၀)တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု ခြောက်အုပ်စု၊ ကျေးရွာ ၁၃ ရွာရှိ အိမ်ခြေ ၁၂၄၀ နှင့် လူဦးရေ ၅၅၁၅ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
၂၀၇
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်