Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် ရုံးဆိပ်မြောက် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းရန်ပုံငွေ ထုတ်ချေး"


08 Jan,2024

ရေနံချောင်း ၊ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေး လက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာပြီးဆင်းရဲမှုလျော့ကျစေရန် ရည် ရွယ်၍  ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပါတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇန်နဝါရီလ ၆ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း က ရုံးဆိပ်မြောက်ကျေးရွာရှိရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား၊အသင်းသူများနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကိုရှင်း လင်းပြောကြားသည်။
     ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း က ရုံးဆိပ်မြောက်
ကြေးရှာ ၌ ပဉ်စမအကွိမျအဖွစျမွစိမျး ရောငျကြေးရှာစီမံကိနျးလုပျငနျးအဖွဲ့ဝင်များထံသို့  စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၈၀သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
     ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရုံးဆိပ်မြောက်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၈ဦးကိုငွေကျပ် ၂၀၇ သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ဦးကို ငွေကျပ် ၁၅၅သိန်းနှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ငါးဦးကို၁၈သိန်း၊စုစုပေါင်းအသင်း သား၊အသင်းသူ ၁၀၆ဦးကို မြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၈၀သိန်းထုတ်ချေးပေးခဲ့ကြောင်း ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ပြောပြ၍သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm