သရက် ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောက်တဲ ကျေးရွာတွင် မြေနီလမ်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ဇန်နဝါရီ ၆ ရက်နေ့ နေ့လည်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း နှင့် မြို့နယ် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ အကောက်တဲ ကျေးရွာ ၌ ကျေးရွာတွင်း မြေနီလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အကောက်တဲ ကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည် ပေ ၄၃၀၀ ၊ အကျယ် ၁၈ ပေ၊ အမြင့် ခြောက်လက်မ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ ၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၁၃ သိန်း၊ စုစုပေါင်း ကျပ် ၁၆၃ သိန်း အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ က နည်းပညာ ပံ့ပိုး၍ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်း များအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်