Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် မုက္ကဒိကျေးရွာ၌ ရေသန့်စင်စနစ်တပ်ဆင်ခြင်း လုပ်ငန်းပြီးစီးမှု စစ်ဆေး


08 Jan,2024

ဘားအံ   ဇန်နဝါရီ   ၈

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိကျေးရွာ၌ ရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ မုက္ကဒိကျေးရွာတွင် life Straw Max ရေသန့်စက် လေးလုံးတပ်ဆင်ခြင်းနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ အလျား ၁၀ပေ၊ အနံ ၁၀ပေ၊ အမြင့် ၁၀ပေ ရေစင်အခန်းဖွဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်း စောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။

မုက္ကဒိကျေးရွာ၌ အဆိုပါ ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၅ ဒသမ ၇၅သန်းဖြင့် သမီးတော်ကုမ္ပဏီက ၂၀၂၃ခုနှစ် ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာရှိ အိမ်ခြေ ၃၉၃အိမ်၊ လူဦးရေ ၂၈၃၆ဦးတို့ကို သန့်ရှင်းသော သောက်သုံးရေအတွက် အကျိုးပြုလျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်