ကျောင်းကုန်း ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၄၂ ဒသမ ၅ သန်းဖြင့် ထူးဧကရီကုမ္ပဏီ မှ သရက်ပင်ဆိပ် - လောင်တိုင်း တံတားတည်ဆောက်ခြင်းလုပ်ငန်းအား ဇန်နဝါရီ ၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ အရည်အသွေးထိန်းသိမ်းရေးနှင့် စစ်ဆေးရေးအဖွဲ့မှ ဦးစီးအရာရှိ(မြို့ပြ) ဦးသန့်ဇင်၊ ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းတို့က ကွင်းဆင်းစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီ ပြီးစီးရေးအတွက်လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ ၎င်းတံတား တည်ဆောက်ပြီးစီး ပါက ကျေးရွာသုံးရွာ၊ အိမ်ခြေ ၃၉၆ အိမ်၊ လူဦးရေ ၁၅၅၆ ဦးအား အကျိုးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်