လေးမျက်နှာ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ နယ်၌ Grand Step ဆောက်လုပ်ရေးကုမ္ပဏီက ကညင်တိုင်း-ဝတ်ကုန်း မြေသားလမ်းဖောက်လုပ်နေမှုကို ဇန်နဝါရီ ၂ ရက်တွင် ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကိုသိန်းဇော်လင်းက ကွင်းဆင်းကြီးကြပ်ခဲ့သည်။
အဆိုပါလမ်းသည် အရှည် ၂/၄ မိုင်၊ အကျယ် ၁၈ ပေ၊ ဒု သုံးပေရှိသော ကျေးရွာချင်းဆက်မြေသားလမ်းဖြစ်ပြီး ယနေ့အထိ အရှည် ၂/၂ မိုင်ခန့် ဖောက်လုပ်ပြီးစီးနေကြောင်းနှင့် အဆိုပါလမ်းလုပ်ငန်းပြီးစီးပါက ကျေးရွာကိုးရွာ၊ အိမ်ခြေ ၉၇၅ အိမ်နှင့် လူဦးရေ ၃၄၅၁ ဦး အကျိုးပြုနိုင်ကြောင်း မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်လင်းက ရှင်းလင်းတင်ပြကြောင်း သိရသည်။
တင်ရွှေ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်