မိုးညှင်း ဇန်နဝါရီ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အိသဉ္ဇာကျော်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၃၃ဝ ဒသမ ၃ သန်း ဖြင့် ဆောင်ရွက်သည့် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားမှုကို သတ်မှတ်စံချိန်စံညွှန်းအတိုင်းအတာပြည့်မီခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာ၌ လမ်းအရှည် ၃ဝ၈၄ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ခုနစ် လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းကို မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်မည်ဖြစ်ပြီး ဒေသမှထွက်ရှိသော စိုက်ပျိုးရေး ထုတ်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အိသဉ္ဇာကျော်က ပြောပြ၍ သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်