ဘားအံ ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ထောင်ဝိကွင်းအမှတ်(၁၁၈၄) ကုန်ထုတ် လမ်းနှင့် Box Culvert (၃)စင်း တည်ဆောက်နေမှု အခြေအနေများကို ဇန်နဝါရီ ၆ရက် နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင် များနှင့်အတူ ထောင်ဝိကွင်းအမှတ်(၁၁၈၄)ကုန်ထုတ်လမ်းနှင့် Box Culvert (၃)စင်း တည်ဆောက် နေမှုကို အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဘားအံမြို့နယ်၌ အရှည် တစ်မိုင်၊ အကျယ် ၁၆ပေ၊ အမြင့် ကျောက်ရောမြေ သုံးပေ၊ ဂဝံ ကိုးလက်မရှိ ထောင်ဝိကွင်းအမှတ်(၁၁၈၄)ကုန်ထုတ်လမ်း နှင့် အရှည် ၂၄ပေ၊ အကျယ် ငါးပေ၊ အမြင့် ငါးပေရှိ Box Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၃၅ ဒသမ ၁၃၅သန်းဖြင့် ငွေစင်ဆန်းသစ် ကုမ္ပဏီက ၂၀၂၃ခုနှစ် မေလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၅ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်