ဘားအံ ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြိုင်ကလေးကျေးရွာအုပ်စု၊ ရေကျော် ကျေးရွာတွင် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဇန်နဝါရီ ၄ရက် နံနက်ပိုင်းက တာဝန်ရှိသူ များ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ရေကျော်ကျေးရွာ၌ ဂါလံ ၂၄၀၀ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည် တည်တံ့အောင် ဝိုင်းဝန်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။
ရေကျော်ကျေးရွာ၌ အလျား ၁၀ပေ၊ အနံ ၁၀ပေ၊ အမြင့် လေးပေရှိ ဂါလံ ၂၄၀၀ ဆံ့ ရေစင် တည်ဆောက်ခြင်း၊ အရှည်ပေ ၁၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေသန့်စင်စနစ် ဆောင်ရွက် ခြင်း လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ်သိန်း ၃၀၊ စုစုပေါင်း ငွေကျပ် သိန်း ၁၈၀ အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် စက်တင်ဘာ စတုတ္ထပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းပြီးစီးသဖြင့် ကျေးရွာရှိ အိမ်ခြေ ၁၃၇အိမ်၊ လူ ၄၅၃ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိပြီဖြစ်ကြောင်း ဘားအံ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော် ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်