မင်းဘူး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေပြီး လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ကုန်းသာ- တောင်မန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ မင်းဘူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရွှေစင်ဦးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကုန်းသာ-တောင်မန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။.
ကုန်းသာ-တောင်မန်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင် ၅ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၉၇ ဒသမ ၅၇၅ သန်းဖြင့် Union-7 ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇူလိုင်လ ဒုတိယပတ်က စတင်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၇ဝ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရွှေစင်ဦးထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်