Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ် အလယ်ကျေးရွာ၌ VDP ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


05 Jan,2024

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၇၆)နှစ် မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီ လ(၂)ရက်နေ့ နံနက် ၁၀နာရီ မုခ်ဦးရှေ့၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။ အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDPစီမံကိန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်က ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  ဦးခင်မောင်မြင့် ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သုတအောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေး တို့က လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါလမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေ ကျပ်သိန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၁၅)သိန်းစုစုပေါင်းကျပ် (၁၆၅)သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရှည်ပေ(၇၀၀)၊ အကျယ်(၁၀)ပေ၊ ဒုခြောက်လက်မရှိကာ အိမ်ခြေ(၁၀၀)အိမ်မှ လူဦးရေ(၇၀၀)တို့ ရာသီမရွေးအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ပြီး အဆိုပါ လမ်းပေါ်တွင် မူလတန်း ကျောင်းရှိသည့်အတွက် ပညာသင်ကြားသော ကလေးငယ်များ သွားလာရေးပိုမိုအဆင်ပြေသဖြင့် ကျေးရွာ ကော်မတီ၊ ကျေးရွာသူကျေးရွာသားများ ကျေနပ်ဝမ်းသာနေကြကြောင်းသိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm