Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သန်လျင်မြို့နယ်သပြေကုန်းကျေးရွာ၌ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


05 Jan,2024

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း သပြေကုန်းကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြုငွေဖြင့် ကျေးလက် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက သပြေကုန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊အမြင့်တင်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ဘရူနိုမား(စ်)ကုမ္ပဏီမှ တိုင်းဒေသကြီး ခွင့်ပြုငွေ ငွေကျပ် ၅၃ ဒသမ ၆၇၆သန်းဖြင့် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးရေး ကုမ္ပဏီမှ တာဝန်ရှိသူများ၊ကျေးရွာရေကော်မတီဝင်များ၊ကျေးရွာမှ တာဝန် ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

          အဆိုပါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံပြီး ရေရှားပါးပြတ်လပ်မှုမှ ကင်းဝေးကာ အိမ်တိုင်ရာရောက် ရေသွယ်စနစ်ဖြင့် လွယ်ကူသက်သာစေမည်ဖြစ် ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm