Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌(၇၆)နစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကွန်ကရစ်လမ်းဖွင့်လှစ်


05 Jan,2024

ရန်ကုန်၊ ဇန်နဝါရီလ၊ (၂)ရက်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ဇန်နဝါရီလ (၂)ရက်နေ့နံနံက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ နယ်၊ တော်ခရမ်းအနောက်ကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာတွင်ကျင်းပပြုလုပ်သည် ဦးစွာ ကွမ်းခြံကုန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးဌေးလွင်က ကျေးဇူးတင်စကား​များပြန်လည်ပြောကြားသည်။

     ထို့နောက် ကွန်ကရစ်လမ်းသစ်အား မြို့နယ်လုံခြုံရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးရဲကျော်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဒုတိယဗိုလ်မှူးကြီးရဲကျော်သူ၊ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးကတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးနေဝင်းနှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းကို လှည့်လည်ကြည့်ရှူစစ်ဆေးသည်။

   အဆိုပါကွန်ကရစ်လမ်းကိုကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၃- ၂၀၂၄)ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် (၁၅)သန်း၊ ပြည်သူ့    ထည့်ဝင်ငွေကျပ် (၁.၆)သန်း စုစုပေါင်း (၁၆.၆)သန်း ဖြင့်လမ်းအရှည် (၅၆၀)ပေ၊ အကျယ် (၁၂)ပေ၊ (၆)လက်မထုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်းဆောင်ရွက်ပေး ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ကြောင်းလည်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm