Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


05 Jan,2024

ဘားအံ   ဇန်နဝါရီ   ၅

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကော့ဆိုင်-ပျော်ရာကုန်း-တောကြီးကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ဇန်နဝါရီ၃ရက် နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးမင်းဝေဖြိုး၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကော့ဆိုင်-ပျော်ရာကုန်း-တောကြီးကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးမင်းဝေဖြိုးက ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားသည်၊၊

ဘားအံမြို့နယ်၌ အရှည်ပေ ခုနှစ် ဒသမ ၃ဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မရှိ ကော့ဆိုင်-ပျော်ရာကုန်း-တောကြီးကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၆၂ ဒသမ ၆၀၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် အနန္တာမြေ ကုမ္ပဏီက ယခုနှစ် မေလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလမ်း ပြီးစီးသဖြင့် ကျေးရွာသုံးရွာမှ ဒေသခံပြည်သူများ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြု စေမှာဖြစ်ကြောင်း  သိရသည်၊၊


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm