ပြင်ဦးလွင် ဇန်နဝါရီ ၂
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ပြင်ဦးလွင်မြို့နယ် တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ထုံးဘို-နောင်လှိုင်-သပြေရေ ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက လမ်းဖွင့်ပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျံလင်းက ထုံးဘို-နောင်လှိုင်-သပြေရေ ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လမ်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ် ဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝဏ္ဏစိုးအောင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ထုံးဘို-နောင်လှိုင်-သပြေရေ ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထုံးဘို-နောင်လှိုင်-သပြေရေကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တာဝန်ရှိသူများက အဆိုပါလမ်းပိုင်းကို ဖြတ်သန်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် ထုံးဘို-နောင်လှိုင်-သပြေရေကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ် သည် လမ်းမိုင်အရှည် (၀/၇.၅) မိုင်ရှိပြီး အကျိုးပြုကျေးရွာ ၇ ရွာ ၊ အကျိုးပြုအိမ်ခြေပေါင်း ၁၂၁၉ အိမ် နှင့် အကျိုးပြုသူဦးရေပေါင်း ၄၉၄၄ ဦး ၏ လမ်းပန်းဆက်သွယ်ရေးအား အကျိုးပြုမည်ဖြစ်ကာ ရန်ပုံငွေကျပ်သန်းပေါင်း (၂၃၉.၈၅) သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်