Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်သာမြို့နယ်၊ ဇဂျမ်းအုပ်စု၊ ကြည်အိုင်ကန်တောတိုက်ကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းရာနူန်းပြည့်ပြီးစီး


03 Jan,2024

တောင်သာ   ဇန်နဝါရီလ  ၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနကအကောင်အထည်ဖော်ဆောင်ရွက်သော  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာပေါင်း(၁၀)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ၌ ဇဂျမ်းအုပ်စု၊ ကြည်အိုင်ကန်တောတိုက်ကျေးရွာတွင် ၄လက်မခွဲ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာယခုအခါ ရာနူန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ စက်ရေတွင်း ၄လက်မခွဲအကျယ် အနက်ပေ ၄၀၀ တူးဖော်ခြင်းလုပ်ငန်းကို VDP စီမံကိန်းရန်ပုံငွေကျပ်သိန်းကျပ်သိန်း ၁၅၀၊ ပြည်သူလူထုထည့်ဝင်ငွေ ၄၁သိန်း ၇သောင်းဖြင့်  ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

" စီမံကိန်းနဲ့ဆောင်ရွက်တာစက်ရေတွင်းရယ်၊ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Pump နဲ့ Moterရယ်၊ အင်ဂျင်နဲ့ဒိုင်နမိုရယ် စတဲ့ပစ္စည်းတွေ၊ ရေထွက်တဲ့အထိပေါ့ဗျာအဲဒါတွေလုပ်နိုင်ခဲ့တယ်၊ ရေထွက်နူန်းကလည်းတစ်နာရီဂါလံ ၂၀၀၀ ထွက်တယ်၊ ကျနော်တို့ရွာအတွက်တော့ သောက်သုံးရေမပူရတော့ဘူးပေါ့ဗျာ၊ တဆက်တည်းရေစက်ရုံကိုလည်းကျနော်တို့ ရွာအားလေးနဲ့ဆောက်ပြီးပြီး၊ အခုအမြင့်တင်ရေစင်ဆောက်ပေးမဲ့ အဝေးရောက်အလှူရှင်ပေါ်လာတော့ ကျနော်တို့ဆက်လုပ်နေပါတယ်၊ ဌာနနဲ့ပြည်သူပူးပေါင်းဆောင်ရွက်တဲ့ အောင်မြင်မှုပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် နွေရာသီမှာသောက်သုံးရေအခက်အခဲဖြစ်တဲ့ ကျနော်တို့ရွာလေးကိုဒီVDPစီမံကိန်းချပေးပြီးစက်ရေတွင်းတူးဖော်အောင်မြင်ခဲ့လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဝန်ထမ်းတွေကိုကျေးရွာကိုယ်စားကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် " ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူးဒေါ်တင်မာဌေးပြောပြသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm