Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ်အုပ်ဆပ်ပင်ကျေးရွာ၌ ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု ကွင်းဆင်းစစ်ဆေးခြင်း


03 Jan,2024

ပျော်ဘွယ် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် စီမံကိန်းအတိုးရငွေဖြင့် အုပ်ဆပ်ပင်ကျေးရွာ၌ ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်နှင့်တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အုပ်ဆပ်ပင်ကျေးရွာ၌ နေရောင်ခြည်သုံးဆိုလာစနစ်ဖြင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီး မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

အုပ်ဆပ်ပင်ကျေးရွာ၌ နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းကို မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေကျပ် သိန်း၃၀ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ်ဒီဇင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် အုပ်ဆပ်ပင်ကျေးရွာရှိ ကျေးလက်နေပြည်သူ များရာသီမရွေး သန့်ရှင်းသောသောက်သုံးရေကို ရရှိသုံးစွဲနိုင်ပြီဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်ထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm