Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူဦးရေ ၇၈၀ ကျော်ကို အကျိုးပြုမည့် ညောင်ခုံခမ်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ်


03 Jan,2024

မိုင်းပန် ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် ညောင်ခုံခမ်းကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ မိုင်းပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟန်ဇော်မြင့်က အမှာစကားပြောကြားပြီး မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းက ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ကုန်းကျိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလုံးကျော်က ရွာသူ၊ ရွာသားများ၏ကိုယ်စား ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားသည်။
ဆက်လက်၍ ညောင်ခုံခမ်းကျေးရွာ ကုန်ထုတ်လမ်းကို မိုင်းပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟန်ဇော်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး ညောင်ခုံခမ်းကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယခုဖွင့်လှစ်သည့် ညောင်ခုံခမ်းကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည် တစ်မိုင် သုံးဖာလုံ၊ အကျယ် ၁၂ ပေနှင့်အမြင့် ကိုးလက်မရှိပြီး အဆိုပါလမ်းပေါ်ရှိ Box Culvert နှစ်စင်း၊ ကွန်ကရစ်တံတားကြီး တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သော ကုမ္ပဏီသုံးခုက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၉၃ ဒသမ ၇၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပြီဖြစ်၍ အိမ်ခြေ ၁၈၂ အိမ်၊ လူဦးရေ ၇၈၀ ဦး၏ သွားလာရေးနှင့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များကို လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm