မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း/တံတားလုပ်ငန်းများကို ဇန်နဝါရီလ ၂ ရက်တွင် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈ဝ ဒသမ ၁၃၁ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော ရွှေပန်းကိုင်းလမ်းမှ ရှမ်းရွာကြော- တောင်မြင့်လမ်း ၃ ဒသမ ၆၂ ကီလိုမီတာအား မြေသားတာပေါင်ချဲ့၍ ၅ ဒသမ ၄၉ မီတာ အကျယ် ၂၀၀ မီလီမီတာထု မြေနီခင်းခြင်းလုပ်ငန်း ၂/၂ မိုင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြောင်းသိရသည်။
ဇော်မျိုး(မြဝတီ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်