ကျောက်ဆည် ဇန်နဝါရီ ၂
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်နောက်-သင်တောင်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား (၂-၁-၂၀၂၄) ရက်နေ့ နံနက်(၉:၀၀)နာရီအချိန် အဆိုပါလမ်းမုဒ်ဦး၌ ကျင်းပပြုလုပ်ပါသည်။ ဖွင့်ပွဲကျင်းပပြုလုပ်သည့် တောင်နောက်-သင်တောင်းကျေးရွာချင်းဆက်လမ်းအား ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အရှည်(0.35km)အား ခန့်မှန်းကုန်ကျငွေ ကျပ်(၇၅.၄၇)သန်းဖြင့် ဌာနမှ ကြီးကြပ်၍ ပြည့်လျှံစိုးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါလမ်းသစ်ဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါလမ်းသစ်အား ခရိုင်စီမံအုပ်ချုပ်ရေးဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်