Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

​ကော့မှူး မြို့ နယ် လာဝတီကျေးရွာ၌ VDP ရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သောကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


03 Jan,2024

ရန်ကုန်တိုင်းဒေသကြီး၊တွံ့​တေးခရိုင်၊​ကော့မှူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ က (၇၆)နှစ် မြောက်လွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် လာဝတီကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင်ပွဲကိုဇန်နဝါရီ၃ရက်နံနက်၉နာရီခွဲ လမ်းမုခ်ဦးရှေ့၌ကျင်း ပ ခဲ့ ကြောင်းသိရှိရသည်။အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်‌ ရေးအဖွဲ့ ​ခေတ္တဥက္ကဋ္ဌ  ဗိုလ်မှူး ထွန်း​ဇော်မင်း ကအဖွင့်အမှာစကား ပြောကြားပြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က၊  ကွန်ကရစ်လမ်းဖြစ်​ပေါ်လာမှုနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားပြီး၊​ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေးလုပ်ငန်းစီမံကိန်း ဘဏ္ဍာ​ရေးမှူး ဦး​အေးနိုင် က ကျေးဇူးတင်စကား ၊ပြောကြားသည်။ယင်း နောက်ရန်ကုန်တိုင်း​ဒေသကြီး​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန မှ ဒုတိယညွှန်ကြား​ရေးမှူး ဦးသန်းထွန်း၊တွံ‌ တေးမြို့နယ်စီမံအုပ်ချုပ်‌ ရေးအဖွဲ့ ​ခေတ္တဥက္ကဋ္ဌဗိုလ်မှူးထွန်း​ဇော်မင်း၊ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ဦး​အေးမင်းထွဋ် တို့က လမ်းသစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။အဆိုပါလမ်းအားကျေးရွာဖွံ့ဖြိုးတိုးတက်လုပ်ငန်းစီမံကိန်း VDPရန်ပုံ ငွေ ကျပ်သိန်း (၁၅၀) ပြည်သူထည့်ဝင်ငွေ ကျပ်(၂၉) သိန်းစုစုပေါင်းကျပ် (၁၇၉)သိန်းကျပ် ဖြင့်‌ ဆောင်ရွက်ခဲ့ခြင်း ဖြစ်‌ပြီးအရှည်‌ ပေ (၅၁၀)၊ အကျယ် (၇ )ပေ၊ ဒု   ခုနှစ်လက်မနှင် အရှည်​ပေ(၃၂၅)၊အကျယ်(၉) ၊ ဒု ခုနှစ်လက်မ ရှိကာအိမ်ခြေ (၅၈၆)အိမ်၊မှ လူဦး ရေ (၂၃၃၆) တို့ရာသီမ‌ ရွေးအဆင်‌ ပြေစွာသွားလာနိုင်မည်ပြီးအဆိုပါလမ်းပေါ်တွင် ပညာသင်ကြားသော ကလေးငယ်များ သွားလာရေးပိုမိုအဆင်ပြေသဖြင့် ကျေးရွာလမ်းကော်မတီ၊ကျေးရွာသူ ကျေးရွာသားများကျေနပ်ဝမ်းသာနေကြ ကြောင်းသိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm