ဘားအံ ဇန်နဝါရီ ၂
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လှိုင်းဘွဲ့မြို့နယ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လင်းရောင်စိန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော တခွက်ဖိုး - ပန်တော်မှီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့် ပွဲကို ဇန်နဝါရီလ ၂ ရက် နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိဒေသတိုးတက်လာစေရေး အဖျက်အမှောင့်သမားများ၏ စကားနားယောင်မှုမရှိဘဲ မိမိအကျိုးစီးပွား၊ ဒေသအကျိုး စီးပွားများ ဖွံ့ဖြိုးရေးအတွက် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်ပြီး လက်ရှိဆောင်ရွက်ပြီးဖြစ်သော လမ်း/တံတားပိုင်းဆိုင်ရာများကို ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တခွက်ဖိုး- ပန်တော်မှီလမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်