Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဉီးလွင်မြို့နယ် ညောင်သာယာကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


03 Jan,2024

ပြင်ဦးလွင်  ဇန်နဝါရီလ ၃ ရက်

            ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၆.၁၂.၂၀၂၃) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် ၊ ဝက်ဝံကျေးရွာအုပ်စု ညောင်သာယာကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ပြင်ဦးလွင်မြို့နယ် ၊ ဝက်ဝံကျေးရွာအုပ်စု ၊ ညောင်သာယာကျေးရွာတွင် သင်တန်းသူ(၁၀)ဦးဖြင့် (၂၆.၁၂.၂၀၂၃)ရက်နေ့မှ (၄.၁.၂၀၂၃)ရက်နေ့အထိ (၁၀) ရက်ကြာ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

            သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်မှ အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးလက်ဒေသတွင် အသေးစား /အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေပြည်သူ များ မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm