Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ်ထီးလှိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


02 Jan,2024

ရမည်းသင်း ဇန်နဝါရီလ ၂ ရက်

          မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထီးလှိုင်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေများကို (၁-၁-၂၀၂၄)ရက်နေ့နံနက်ပိုင်းက တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ဒု-ခရိုင်ဦးစီးမှူး ဒေါ်သီတာခိုင်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့်တာဝန်ရှိသူများက တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ ကျေးရွာကုန်ထုတ်လမ်းအထောက်အကူပြု ကော်မတီဝင်များနှင့်အတူ ထီးလှိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

          ထီးလှိုင်ကျေးရွာ၌ အရှည် ၃ မိုင်၊ အကျယ် ၁၄ ပေ၊ အမြင့် ၂ ပေ ၉ လက်မရှိ ကုန်ထုတ်လမ်းနှင့် အဆိုပါလမ်းပေါ်တွင် ကွန်ကရစ်တံတား ၁ စင်း၊ Slab Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း(မူလ)ခွင့်ပြု ရန်ပုံငွေကျပ်(၂၄၇.၉၁)သန်း ဖြင့် တင်ဒါအောင်မြင်သည့် ရွှေထိုက်တန်ကုမ္ပဏီက ဇူလိုင်လပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

          အဆိုပါကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ထီးလှိုင်ကျေးရွာ၊ ညောင်အိုင်ကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာနှင့်ဈေးကုန်းကျေးရွာ(၄)ရွာတို့မှ တောင်သူများ၏ ထုတ်ကုန်များကို ဈေးကွက် အတွင်းသို့လျင်မြန်စွာရောက်ရှိကာ ထုတ်ကုန်များဈေးကောင်းရရှိခံစားကြရမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm