Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကူးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသံဂဟေဆက်သင်တန်းဆင်းပွဲကျင်းပ


02 Jan,2024

စဉ့်ကူး ဇန်နဝါရီလ ၂ ရက်

          မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဆင်းပွဲအခမ်းအနားကို (၁-၁-၂၀၂၄)ရက်နေ့နံနက်၁၀နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။

          ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် စာတွေ့ လက်တွေ့ သင်ယူတတ်မြောက်ခဲ့ပြီးဖြစ်၍  မိမိတို့ ရပ်ရွာ၌ လုပ်ငန်းများလုပ်ကိုင်ကာ မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တတ် မြောက်ခဲ့သည့်ပညာအား လက်ဆင့်ကမ်းပြန်လည်မျှဝေနိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ သင်တန်းတွင်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီမြှင့်ခဲ့ပြီး သင်တန်းဆရာ ဦးသိန်းဇော်အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်း သားများ လက်တွေ့လုပ်ဆောင်ခဲ့ကြသော သံဂဟေဆက် လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ၁၁ ရွာမှ သင်တန်းသား၂၀ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ၁၁ရက်မှ ၂၅ရက်နေ့ထိ ၁၅ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ သပိတ်ကျင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးထွန်းကျော်နိုင် ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြို့နယ်ကျေးလက်ဒေသဦးစီးမှူး ဦးမြသိန်းဝင်းနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm