လှိုင်းဘွဲ ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကော့ဝါးမီကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို ဇန်နဝါရီ ၁ရက် နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကော့ဝါးမီကျေးရွာကုန်ထုတ်လမ်း ဖောက် လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
လှိုင်းဘွဲမြို့နယ်၌ ကော့ဝါးမီကျေးရွာ ကုန်ထုတ်လမ်း အရှည် ငါးဖာလုံ၊ အကျယ် ၁၆ပေ ၊ အမြင့် နှစ်ပေ ကိုးလက်မရှိ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းနှင့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၅၅ ဒသမ ၄၃သန်းဖြင့် ဇွဲသံလွင်မြေကုမ္ပဏီက ယခုနှစ် ဇွန်လ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာမှ ထွက်ရှိမည့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချနိုင်မည် ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်