Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် တောဘို့ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု ကွင်းဆင်း စစ်ဆေး


02 Jan,2024

မင်းဘူး ဇန်နဝါရီ ၂


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနက ကျေးလက် နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ထွက်ကုန်များ ရာသီမရွေးဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တောဘို့ကုန်း ကျေးရွာ ပွေးကျစ်လက်တံမြောင်းဘောင်ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် ပြီးစီးမှု အခြေ အနေများကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          

                ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာလမ်းကော်မတီဝင်များ နှင့်အတူ တောဘို့ကုန်း ကျေးရွာ ပွေးကျစ်လက်တံမြောင်းဘောင် ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ထိမ်းသိန်းကြရန် မှာကြားခဲ့ကြောင်း သိရသည်။   

                ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မင်းဘူးမြို့နယ်၊ တောဘို့ကုန်းကျေးရွာ၌ အရှည် ၁ ဒသမ ၅ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကျောက်ရောမြေနှင့်မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု(မူလ) ခွင့်ပြု ရန်ပုံငွေကျပ် ၄၃ ဒဿမ ၂၂၁ သန်းဖြင့် တော်ဝင်ထွန်းကုမ္ပဏီ က ယခုနှစ် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ တာဝန်ယူ‌ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး  ရာခိုင်နှုန်း ပြည့် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဝင်းမြတ်သိန်း ပြောပြ၍ သိရသည်။      


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm