Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းဖွင့်


03 Jan,2024

သာစည် ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက ကြာဘက်ကုန်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကြာဘက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းယုက ရွာသူ၊ ရွာသားများ၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားပြီး ကြာဘက်ကုန်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းကို မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးသက်ကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက ရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ထားမှု ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များက လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ တာဝန်ရှိသူများက ကြာဘက်ကုန်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယခုဖွင့်လှစ်သည့် ကြာဘက်ကုန်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည် ၆၄၃ ပေ၊ အကျယ် ၁၂ ပေနှင့်အမြင့် ငါးလက်မရှိပြီး အဆိုပါလမ်းအပြင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းကို သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးငွေကျပ် ၁၅ သန်းနှင့်ပြည်သူထည့်ဝင်ငွေကျပ် လေးဒသမငါးသန်း၊ စုစုပေါင်း ၁၉ ဒသမငါးသန်းအသုံးပြု၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကြာဘက်ကုန်းကျေးရွာပြည်သူများ၏ သွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm