Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


01 Jan,2024

ရန်ကုန်တိုင်းဒေသကြီး    သန်လျင်ခရိုင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း၊ ခရမ်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဒီဇင်ဘာလ ၃၁ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေ ငွေကျပ် ၆၆ ဒသမ ၅၉သန်းဖြင့် Vital Resources Co.L.td က တာဝန်ယူဆောင်ရွက်နေသည့် ပျဉ်းမကုန်းကျေးရွာ၌ အရှည် ၀/၅ ဒသမ ၃၀၃ မိုင် အကျယ် ၁၂ပေ ၊ ထု၉ လက်မ ကုန်ထုတ်ဂဝံလမ်း ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင် စုခွင့်ပြုငွေ ငွေကျပ် ၅၄ဒသမ၉သန်းဖြင့် ရွှေသန်လွင် အားမာန်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ဘိုကလေးကျေးရွာ၌ ၀/၄ ဒသမ ၅၄၅ မိုင် အကျယ်၁၂ပေ၊ ထု၉ လက်မ ကုန်ထုတ် ဂဝံလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက သတ်မှတ်စံချိန် စံညွှန်းနှင့် အညီ လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် အချိန်မီ ပြီးစီးရေးမှာကြားသည်။

          အဆိုပါ ကျေးရွာနှစ်ရွာ၌ ကုန်ထုတ်ဂဝံလမ်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာအတွင်း အိမ်ခြေ ၇၆၅ အိမ် ၊ လူဦးရေ ၃၃၇၆ ဦးတို့ သွားလာရေး လွယ်ကူအဆင်ပြေစေမည်ဖြစ်ပြီး စိုက်ပျိုး မွေးမြူသူများ နှင့် စျေးကွက်ချိတ်ဆက်ပေးနိုင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းများတွင် အချိန်ကုန်သက်သာစေမည် ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm