Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းအနောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေး


01 Jan,2024

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးခရိုင်၊ ကွမ်းခြံကူန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တော်ခရမ်းအနောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရါာ၌ ကျင်းပပြုလုပ်လုပ်ခဲ့ကြောင်းသိရသည်။

            ယင်းသို့ထုတ်ချေးရာတွင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက စီမံကိန်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များ အကျိုးကျေးဇူးများနှင့် စီမံကိန်းအကြောင်းအရာ များ  အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရန်ပုံငွေထုတ်ချေးသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

            ထို့နောက် မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ကျေးရွာမြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်း အဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေ ကျပ် ၁၀.၁၅သန်း လွှဲပြောင်းပေးအပ်ခဲ့ကြပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)  လုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိနေကြာစိုက်တောင်သူ ၂၄ဦးထံသို့ စီမံကိန်းရန်ပုံငွေ ပေးအပ်ခြင်းကို လိုက်ပါကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm